Application Logging and Monitoring Application တစ်ခုက server ဒါမှမဟုတ် cloud မှာ run ရုံပဲဆိုရင်တော့ လွယ်ပါလိမ့်မယ်။ personal အမြင် အရဆိုရင်တော့ proper monotorings and alerts တွေ မရှိရင် application ကိုရပ်ထားတာ အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ့် application/service က ဘာတွေဖြစ်နေတယ်၊ ဘာ error တက်နေတယ်၊ users တွေက တကယ်ရောသုံးလို့ရရဲ့လား အစရှိတာတွေ သိဖို့လိုပါတယ်။ Application မှာ error တစ်ခုခု တက်တာနဲ့ ကိုယ်က သိဖို့လိုပါတယ်၊ user ကပြောမှသိတာမျိုးဆိုရင်တော့ အတော်ကိုအဆင်မပြေပါဘူး။ Bad VOC(Voice of Customers) တွေပဲရပြီး ဘယ်သူမှသုံးချင်တော့မှာမဟုတ်ပါဘူး။ ဒါတွေထဲက တစ်စိတ်တစ်ပိုင်းဖြေရှင်းဖို့အတွက် Logging and Alerts tools တွေအများကြီးရှိပါတယ်။ Splunk ELK Graylog Etc... ဒီထဲကမှ Splunk အကြောင်းကိုနည်းနည်း ပြောချင်ပါတယ်။ Splunk က log management and centralized logging tool တစ်ခုဖြစ်တယ်။ ဘာလို့ ဒီ log management ကိုသုံးရလဲ ဆိုတော့ ကိုယ့် Application/Service က very high performance နဲ့ very high QPS တွေနဲ့ run တယ်ဆိုရင် log တွေကို အလွယ်တကူကြည့်ဖို့ ရှာဖို့ဆိုတာ မလွယ််ပါဘူး။ Instances တွေ...