Skip to main content

Software Package Manager - Windows

Software Package Manager - Windows



Package Manager လို့ပြောရင် သာမန် Windows users တွေနဲ့ အနည်းငယ် စိမ်းနေပေမယ့် Software Engineer/ Server Administration ပိုင်းမှာလုပ် လေ့လာဖူးတဲ့သူတွေကတော့ ရင်းနှီးပြီးသားပါ။

Linux user တွေအတွက်တော့ ထွေထွေထူးထူးပြောနေစရာမလိုတော့ပါဘူး။ Linux မှာတော့ Package (App) တစ်ခုခု install လုပ်မယ်ဆိုရင်သင်တော်ရာ package managers တွေဖြစ်တဲ့ yum, wget တွေနဲ့ command line ကနေ install လုပ်ကြတာများပါတယ်။


Mac users တွေဆိုရင်လဲ တော်တော်များများ Homebrew ကို အသုံးပြုကြပါတယ်။
ဒီတစ်ခါအဓိက ပြောချင်တာကတော့ Package Manager ကို တစ်ခါမှ မသုံးဖူးသေးတဲ့ users တွေနဲ့ ၊ Windows အတွက် package manager အကြောင်းပါ။


Package(App) Manager - ဆိုတာကတော့ အလွယ်ပြောရရင် install လုပ်ချင်တဲ့ software ကို download ဆွဲဒါတွေ၊ install လုပ်တာတွေကို automate လုပ်ထားတယ်လို့ပြောလို့ရပါတယ်။ download တွေဆွဲ၊ ပြီးရင် ရလာတဲ့ exe file ကို run ပြီး install လုပ်မယ်ဆို အချိန်ကုန်ပါတယ်၊ အလုပ်ရှုပ်ပါတယ်။
Software တစ်ခု၊ နှစ်ခုလောက် သွင့်တဲ့အချိန် ပြသနာမရှိပေမဲ့ Environment Setup လုပ်တဲ့အခါ တို့ Windows ပြန်တင်ထားတဲ့အခါတို့ဆိုရင်တော့ အတော်အလုပ်ရှုပ်ပါတယ်။ အဲ့ဒါအစား package manager ကိုသုံးပြီး command လေးတစ်ခု၊ ဒါမှမဟုတ် batch/shell script ထဲ ကိုယ် install လုပ်ရမဲ့ Formula/ Command တွေအကုန်ထည့်ပြီးတစ်ခါတည်း Run လုပ်တာနဲ့ အားလုံးပြီးသွားမှာပါ။ ပြီးတော့ EXE installer file တစ်သိန်းလောက်ကို သိမ်းထားစရာမလိုတော့ဘူးပေါ့။
အဲ့ဒီအတွက် package manager တစ်ခုခုကိုသုံးနိုင်ပါတယ်။ လက်ရှိအသုံးအများဆုံးနဲ့ နမည်ကျော် package manager တွေကတော့….

  1. Chocolatey (Chocolatey Software Inc.)
  2. Scoop (lukesampon)
  3. winget (Microsoft Corp.)

ဒီထဲမှာဘာတွေပိုကောင်းတယ်၊ ဘာကပို စုံတယ်စသည့် အားနည်းချက်၊ အားသာချက်များကိုလဲ သုံးဖူးတဲ့ သူများမှတ်ချက်ပြုပေကြပါဦး။
ဥပမာ Formula/ Command တစ်ချို့အနေနဲ့

Install Software Package

  • choco install googlechrome
  • choco install firefox
  • choco install vlc
  • choco install notepadplusplus
  • choco install jdk8
  • choco install vscode
  • choco install springtoolsuite
  • choco install androidstudio
  • choco install mysql

 Upgrade Software Package

  • choco upgrade googlechrome
  • choco upgrade all
  • choco upgrade all --except="'googlechrome,firefox'"

Uninstall Software Package

  • choco uninstall googlechrome


အထက်ပါဥပမာကတော့ Chocolatey ကိုသုံးပြီး install လုပ်ရမယ်ဟာတွေပါ။ တခြား package manager ဆိုရင်လဲ သူ့ သက်ဆိုင်ရာ website မှာ Formula/ Command တွေကို ရှာပြီး install လုပ်နိုင်ပါတယ်။ Package manager တွေက install လုပ်ရုံပဲ မဟုတ်ပဲ software upgrade လုပ်တာတွေ၊ uninstall လုပ်တာတွေ မှာလဲ​အသုံးပြုနိုင်ပါတယ်။


P.S: Package Manager တွေက Windows မှာ pre-installed software အနေနဲ့ မပါပါဘူး။ အဲ့ဒါကို သုံးဖို့တော့ ကြိုက်နှစ်သက်ရာ package manager ကိုအရင်ဆုံး install လုပ်ဖို့ လိုပါမယ်။


Links:
https://community.chocolatey.org/packages
https://scoop.sh
https://devblogs.microsoft.com/.../windows-package...
https://github.com/microsoft/winget-cli

Popular posts from this blog

Pigeon Myanmar's free Wireguard VPN

Pigeon Myanmar's free Wireguard VPN  Pigeon Myanmar ရဲ့ Free VPN service ကိုအသုံးပြုရန်အတွက် အောက်ပါ Telegram Chatbot ကို message ပို့ပြီး Config file ဒါမှမဟုတ် QR Code ကိုရယူနိုင်ပါတယ်။ အသုံးမပြုလိုသူများ၊ newvpn request မလုပ်ဖို့မတ္တာရပ်ခံအပ်ပါတယ်၊ client က limit ရှိတာကြောင့် လိုအပ်တဲ့သူတွေမရမှာစိုးလို့ပါ။ Telegram Chat Bot Telegram Chat Bot:  https://t.me/pigeonmyanmarbot Chat Bot မှာ /start ကိုလို့ပို့ပြီး သက်ဆိုင်ရာ Operation ကိုရေးပြီး VPN အသုံးပြုရန်အတွက် QR Code ဒါမှမဟုတ် Config file ရယူနိုင်ပါတယ်။ Telegram Account တစ်ခုကို client တစ်ခုသတ်မှတ်ထားဒါကြောင့် နောက်အကြိမ်တွေ ထပ်မှတ်ရယူပါကလည်း client အဟောင်းကိုသာ ရရှိတော့မှဖြစ်ပါတယ်။ QR Code/Config File ကို ပျောက်ပျက်သွားတဲ့အခါမှာလည်း ထပ်မံတောင်းခံ ကြည့်ရှူနိုင်ပါတယ်။   /newvpnqr - VPN QR Code ရယူရန်။ /newvpn - VPN Config File ရယူရန်။ VPN Installation and Setup သက်ဆိုင်ရာ Application ကိုအောက်ပါ link များမှ install လုပ်ပါ။  Application မှာ  + / Add a tunnel ခလုတ်နှိပ်ပါ။  Create from file or archive ...

How to use GIT? GIT ကိုဘယ်လို အသုံးပြုကြမလဲ (Cheat sheet)...

How to use GIT?  Git အသုံးပြုပုံကို နားလည်ကျွမ်းကျင်ဖို့ GIT ဘယ်လိုအလုပ်လုပ်လဲ ဆိုတာ နည်းနည်းတော့ သိထားဖို့လိုလိမ့်မယ်။  File ရဲ့ statuses တွေနဲ့ file transitions တွေကို သေချာ နားလည်ထားဖို့လိုတယ်။ File status မှာဆိုရင် file တစ်ခုကို git ကဘယ်အချိန်မှာ track စလုပ်လဲ၊ ဘယ်အချိန်မှာ modified, unmodified, staged statuses တွေဖြစ်သွားလဲဆိုတာတွေ နဲ့ File transitions မှာဆိုရင် file တစ်ခုက ဘယ် command run ရင် local repository မှာရှိတယ်။ ဘယ် command run ရင်တော့ remote repository (server) ကိုရောက်သွားလဲ ဆိုတာတွေကို အနည်းငယ်နားလည်ထားဖို့တော့လိုမယ်။ Git File Statuses Git မှာ file တွေကို track လုပ်နေတဲ့ statuses တွေရှိတယ်။ အဲ့ဒါတွေကတော့ အောက်ပါအတိုင်းဖြစ်တယ်။ Untracked Unmodified Modified Staged Untracked Status Untracked ဆိုတာက file တစ်ခုက ပထမဆုံး create လုပ်ပြီးတဲအချိန်မှာ git က အဲ့ file ကိုလုံးဝ track မလုပ်ရသေးတဲ့ file တွေက git မှာ untracked အနေနဲ့ရှိနေတယ်။ အဲ့ဒါကို git ကို စပြီး track လုပ်စေချင်တယ်ဆိုင်တော့ git add <file> command နဲ့ git ကို စ track လုပ်ခိုင်းလို့ရတယ်။ အဲ့လို git ad...

Understanding Git Flow - Branching Models

Understanding Git Flow - Branching Models Branching Model Software Development Team တစ်ခုမှာ ဆိုရင် latest released code တွေ၊ latest stable development code တွေ နဲ့  development in progress ဖြစ်နေတဲ့ code တွေ နဲ့ ဘယ် release version မှာ ဘယ် code တွေကို  release လုပ်ခဲ့တယ်ဆိုတာတွေကို စနစ်တကျ manage လုပ်ရပါတယ်။ အဲ့လို Team Collaboration လုပ်ရတဲ့အချိန်မှာဆို သင့်တော်ရာ Branching Models တစ်ခုခုကို ရွေးရပါတယ်။ မဟုတ်ရင်တော့ code conflict တွေနဲ့ unstable၊​ uncompleted  feature တွေကို ထိန်းသိမ်းရခက်ပါတယ်။ Popular of branching models Branching Models တွေထဲမှာမှ လူသုံးများပြီး ပေါ်ပြူလာ အဖြစ်ဆုံး Branching Model နှစ်ခုကတော့ အောက်ပါအတိုင်းနှစ်မျိုးရှိပါတယ်။ Git Flow Trunk Based Git Flow Main Branches Git Flow မှာ main branches အနေနဲ့ master နဲ့ develop ဆိုပြီးနှစ်ခုရှိပါတယ်။  Master(main)   Branch   Master branch ကတော့ latest features တွေထားပါတယ်။ master branch ဟာ နောက်ဆုံး release လုပ်ထားတဲ့ production မှာရှိနေတဲ့ code တွေနဲ့ ထပ်တူကျရပါမယ်။ Production မှာ အကြောင်းအမျ...